မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၇-၉-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ(မကွေး)(၅၀ဝဝိ/-)ကျပ် ဈေးကျကာ ကျန်နှမ်းများ ပုံမှန်အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံအရောင်း အဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်( ၅၀၀ မှ ၆၀၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင်(၇-၉-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၅၀ဝိ/-)၊ ကုလားပဲ (HL)(၃ဝဝိ/-)ကျပ်စီဈေးတက်ကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင်(၇-၉-၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၇.၉.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၂ဝိ/-)ကျပ်ဈေးတက်ပြီး ကျန်ဆီဈေးနှုန်းများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။
ဆန်
ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၇.၉.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာ(ကုန်းဇောင်း)၊ ပေါ်ဆန်းမွှေး(ဖျာပုံ)နှင့် ပေါ်ဆန်းမွှေး(ရွှေဘို) တို့စျေးအပြောင်းအလဲ မရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။